You are here: မှုလစာမျက်နှာ
မူလစာမျက်နှာ
အာရှနှင့်ပစိဖိတ်ဒေသ စိုက်ပျိုးရေးမူဝါဒဆိုင်ရာ ဆွေးနွေးပွဲ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဌေးဦး ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ သည် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ ကျင်းပသည့် (၉)ကြိမ်မြောက် အာရှနှင့် ပစိဖိတ်ဒေသ စိုက်ပျိုးရေးမူဝါဒ ဆိုင်ရာ ဆွေးနွေးပွဲ (9th Asia Pacific Agriculture Policy Forum) သို့ တက်ရောက်ရန် ဇွန်လ ၁၉ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
Read more...
 
မြန်မာကိုယ်စားလှယ်အဖွဲ့ ကိုရီးယားတွင် ဆွေးနွေး
ကိုရီးယားသမ္မတနိုင်ငံ၌ ရောက်ရှိနေသော လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးဌေးဦးနှင့် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ဇွန်လ ၂၁ ရက် မွန်းလွဲပိုင်းတွင် ဆိုးလ်မြို့ရှိ Seamaeul Undong Center သို့ သွားရောက်၍ Global Seamaeul Undong ၏ ကော်မရှင်နာ Mr. Dong Cho Lee နှင့် တွေ့ဆုံကာ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကိစ္စများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
Read more...
 
စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီး ဌာန မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းနှင့် ကိုရီးယား သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (KOICA) တို့ ပူးပေါင်း ဆောင်ရွက်သည့် လှည်းကူး မြို့နယ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်း အဆောက်အဦ၊ လမ်း၊ တံတားများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ (၁၁)ရက်နေ့ နံနက်(၈)နာရီက စီမံကိန်း တည်ရှိ ရာ ရန်ကုန်တိုင်း၊ လှည်းကူးမြိုနယ်၊ စခန်းကြီး ကျေးရွာ ကျေးရွာ ခန်းမတွင် ကျင်းပသည်။
Read more...
 
«StartPrev123456789NextEnd»

Page 2 of 9
 လယ်ယာကဏ္ဍ ရည်မှန်းချက်
ပြည်တွင်းစားသုံးမှု ဖူလုံစေရေးကို အဓိကား ဦးတည်​ဆောင်ရွက်ရန်
ပြည်တွင်းစားသုံးမှု ဖူလုံစေရေးကို အဓိကား ဦးတည်​ဆောင်ရွက်ရန်
ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးကို အခြေခံ အားဖြင့် အထောက်အကူ ပြုရန်
...............................................
  ရည်မှန်းချက်
စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး
...............................................
အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်(၅)ရပ်
ပြည်တွင်းစားသုံးမှု ဖူလုံစေရေးကို အဓိကား ဦးတည်​ဆော င်ရွက်ရန်
စိုက်ပျိုးရေသယံဇာတ ဖော်ထုတ်အသုံးချ ရေး
စက်စွမ်းအား တိုးမြှင့်အသုံးချရေး
နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေး
မျိုးကောင်းမျိုးသန့်များဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြောင်းလဲ အသုံးပြုရေး